F1 (2025)

ဆန်နီဟေးစ်ဟာ 1990 ဝန်းကျင်တုန်းက နာမဘ်‌ကျော် Formula 1 ကားပြိုင်ပွဲရဲ့ အကျော်အမော်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ တော်သလောက်လည်း နမော်နမဲ့နိုင်ပါတယ်။

ဒါကြောင့်ပဲ သူအတော်ဆုံးအလုပ်ဖြစ်တဲ့ F1 ကားပြိုင်သူအဖြစ်ကနေ အနားယူခဲ့ရပါတယ်။

နောင်အနှစ် 30 ကြာတော့ သူ့ရဲ့ မိတ်ဆွေဟောင်းကြီး ရူဘင်ဆိုသူ ဆန်နီ့ဆီကို ရောက်လာပါတယ်။

ရူဘင်ကတော့ ကားပြိုင်ပွဲလောကမှာ ဆက်လက်ရှိနေပြီး နိုင်ပွဲမရှိလို့ အသင်းကို ဆုံးရှုံးရမဲ့ အခြေအနေကို ရင်ဆိုင်နေရသူပါ။

ဒီလိုနဲ့ အသင်းကို အဖက်ဆယ်ဖို့အတွက် ရူဘင်ဟာ Formula 1 ကားပြိုင်ပွဲကို ပြန်လာဖို့ ဆန်နီဟေးလ်ကို တိုက်တွန်းပါတော့တယ်။

ဒီဇာတ်လမ်းမှာ ဇာတ်လိုက်ဆန်နီဟေးလ်အဖြစ် မင်းသားချော ဘရက်ပစ်က ပါဝင်သရုပ်ဆောင်ထားပြီး rating ကောင်းလည်း ရရှိထားလို့

ကားပြိုင်ပွဲဝါသနာရှင်တွေ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်….

Movies, Recommended