F1 (2025)

ဆန်နီဟေးစ်ဟာ 1990 ဝန်းကျင်တုန်းက နာမဘ်‌ကျော် Formula 1 ကားပြိုင်ပွဲရဲ့ အကျော်အမော်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ တော်သလောက်လည်း နမော်နမဲ့နိုင်ပါတယ်။

ဒါကြောင့်ပဲ သူအတော်ဆုံးအလုပ်ဖြစ်တဲ့ F1 ကားပြိုင်သူအဖြစ်ကနေ အနားယူခဲ့ရပါတယ်။

နောင်အနှစ် 30 ကြာတော့ သူ့ရဲ့ မိတ်ဆွေဟောင်းကြီး ရူဘင်ဆိုသူ ဆန်နီ့ဆီကို ရောက်လာပါတယ်။

ရူဘင်ကတော့ ကားပြိုင်ပွဲလောကမှာ ဆက်လက်ရှိနေပြီး နိုင်ပွဲမရှိလို့ အသင်းကို ဆုံးရှုံးရမဲ့ အခြေအနေကို ရင်ဆိုင်နေရသူပါ။

ဒီလိုနဲ့ အသင်းကို အဖက်ဆယ်ဖို့အတွက် ရူဘင်ဟာ Formula 1 ကားပြိုင်ပွဲကို ပြန်လာဖို့ ဆန်နီဟေးလ်ကို တိုက်တွန်းပါတော့တယ်။

ဒီဇာတ်လမ်းမှာ ဇာတ်လိုက်ဆန်နီဟေးလ်အဖြစ် မင်းသားချော ဘရက်ပစ်က ပါဝင်သရုပ်ဆောင်ထားပြီး rating ကောင်းလည်း ရရှိထားလို့

ကားပြိုင်ပွဲဝါသနာရှင်တွေ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်….

Movies, Recommended

MISSION IMPOSSIBLE THE FINAL RECKONING 2025

Mission: Impossible – The Final Reckoning (2025)

IMDb Rating (7.4) / Rotten Tomatoes (80%)

Mission Impossible ရုပ်ရှင်တွဲတွေရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ကြည်တောက်ရှင်း 4K အထိကြည့်နိုင်ပါပြီ။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို အရမ်းကောင်းပါတယ်။

ဒီရုပ်ရှင်မကြည့်ခင် အနည်းဆုံးတော့ Mission: Impossible – Dead Reckoning ကို ကြည့်ဖို့လိုပါတယ်။ ဒါမှ ဆက်စပ်မိမှာပါ။

ဇာတ်လမ်းအကျဉ်း

Part One မှာတုန်းက AI အန်တတီဟာ ကမ္ဘာကြီးကို ဖျက်ဆီးဖို့ စတင်ကြိုးစားတာကို တွေ့ခဲ့ရတာဖြစ်ပြီး အခုရုပ်ရှင်အစမှာတော့ အတော်လေးအောင်မြင်နေပါပြီ။

အနုမြူပိုင်ဆိုင်တဲ့နိုင်ငံကြီးအများစုကို ဟက်ခ်နိုင်သွားပြီး လက်နက်တွေကို ထိန်းချုပ်နိုင်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် နျူစနစ်ကိုတော့ ဟက်ဖို့ ကြိုးစားနေတုန်းပါပဲ။

နိုင်ငံအားလုံးရဲ့ အနုမြူလက်နက်တွေကို ရပြီဆိုရင်လူသားတွေကို စမုန်တုံးပေးတော့မှာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုတုံးဖို့ဆိုရင် သူကိုယ်တိုင် အနုမြူဘေးက ဘေးကင်းတဲ့ ဆာဗာတစ်ခုထဲကိုရောက်နေဖို့လိုတာမို့ အရင်ကြိုးစားနေတာပဲဖြစ်ပါတယ်။

အဲဒီအချက်ကို အသုံးချပြီး အီသန်နဲ့ သူ့ရဲ့အဖွဲ့ဟာ အန်တတီကို ဘယ်လိုတားမလဲ ဂေဘရီရယ်ကို ဘယ်လိုတားမလဲဆိုတာ မဖြစ်နိုင်တဲ့ မိနစ်အတိအကျ‌တောင်လွဲလို့မရတဲ့ စစ်ဆင်ရေးတွေနဲ့အတူ ကြည့်ရမှာပါ။

အားရပါးရကြည့်လိုက်ကြပါဦး။ နောက်ဆို MI တွေအသစ်မကြည့်ရတော့ဘူးမို့ အဟောင်းတွေကိုပဲ အလွမ်းပြေကြည့်ရတော့မှာပါ။

Actions, Movies, Recommended

BATMAN BEGINS (2005)

Batman Begins (2005)

=================

IMDb Rating 8.2/10 ရထားပြီး voting အရေအတွက်ဟာ 1,257,970 ထိရှိနေခဲ့ပါတယ်။

June 17 2005 မှာထွက်ရှိခဲ့ပြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Bat Man: Begins ဟာ ရုံဝင်ငွေ 374.2 million ရရှိခဲ့ပြီး DC Comics ကဇတ်ကောင်ကို အခြေခံထားတဲ့ super Hero ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Bat Man လို့ပြောလိုက်တာနဲ့ Christian Bale ကိုမျက်စိထဲပြေးမြင်မိကြမှာပါ။ အရင်ကလဲ Bat Man ဇတ်ကောင်ကို အလီလီရိုက်ကူးခဲ့ကြပေမဲ့ Christian Bale ကိုမမှိခဲ့ကြပါဘူး။ ဒီကားကတော့ The greatest Detective လို့လူသိများတဲ့ Bat Man စတင်ဖြစ်ပေါ်လာပုံကိုရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။The Dark Knight Trilogy ရဲ့ပထမဆုံးကားဖြစ်ပါတယ်။

ဇတ်လမ်းအကျည်းကတော့ Bat Man ဖြစ်လာမယ့် Bruce Wayne ဟာငယ်ငယ်ကလင်းနို့ကြောက်တတ်ပါတယ်။ သူ့အဖေ Thomas Wayne နဲ့ Martha Wayne တို့ဟာသန်းကြွယ်သူဌေးတွေဖြစ်ပြီး Wayne Enterprises လုပ်ငန်းပိုင်ရှင်တွေဖြစ်ပါတယ်။ တစ်နေ့ ကပွဲရုံမှာ ကပွဲသွားကြည့်ရင်း လင်းနို့ကြောက်တတ်တဲ့ Bruce ကြောင့်စောစောပြန်လာခဲ့ကြတုန်း လမ်းမှာ Joe Chill ဆိုတဲ့လူက ဓားပြတိုက်ပါတယ်။ Bruce ရဲ့မိဘနှစ်ပါးလုံးကို ဓားပြကသတ်ပြီး ထွက်ပြေးသွားပါတယ်။ နောက်တော့ တစ်ကောင်ကြွက်ဖြစ်သွားတဲ့ Bruce ဟာ ဝိန်းမိသားစုရဲ့ အိမ်တော်ထိန်း Alfred Pennyworth ရဲ့လက်ပေါ်မှာပဲကြီးပြင်းခဲ့ရပါတယ်။ ဘရုစ်ဟာ ငယ်စဉ်ကတည်းက မိဘတွေသေဆုံးခဲ့လို့ ဒုစရိုက်လောကကို ချေမှုန်းမယ်ဆိုပြီး မြေအောက်လောကထဲကို ကိုယ်တိုင်ဝင်ရောက်သွားပါတော့တယ် အဲ့ဒီမှာ မြေအောက်လောကရဲ့ဘုရင်လို့ခေါ်ရတဲ့ အရိပ်အဖွဲ့ကြီးရဲ့ ခေါင်းဆောင် Ra’s al Ghul နဲ့တွေ့ပြီးသူ့ဆီမှာပညာသင်ပါတယ်။ Bruce Wayne အနေနဲ့ဆိုရင် သူဟာအမြဲမရှိနိုင်တဲ့အတွက် သူကြောက်ခဲ့တဲ့ လင်းနို့ သင်္ကေတကို ယူပြီး ဒုစရိုက်လောကကိုချေမှုန်းတာပါ။ နောက်မှ အရိပ်အဖွဲ့ကြီးရဲ့လုပ်ရပ်တွေကို နားလည်သွားတော့ သူ့မြို့တော်ကို အစွမ်းကုန်ကာကွယ်ပါတော့တယ်။

Bat Man ဟာ Super Hero တွေက အထူးခြားဆုံးသူတစ်ယောက်ပါ ဘာထူးခြားတဲ့စွမ်းအားမှမရှိဘဲ တိုက်ခိုက်စွမ်းရည်နဲ့ ညဏ်ရည်ကိုသာသုံးပါတယ်။ Justice League ကိုဦးဆောင်သူပါ။ Bat Man က Super Power မရှိပေမဲ့ ဘယ် Hero ကိုမှမကြောက်တဲ့သူပါ အားလုံးရဲ့ အားနည်းချက်ကိုလေ့လာပြီး ဗျူဟာကျကျ တိုက်ခိုက်တတ်သူပါ ( DC မှာ Bat Man ကြောက်တာ Wonder Woman တစ်ယောက်ပဲရှိပါတယ် comics ထဲမှာတော့ Bat Man က Wonder Woman နဲ့ဘာညာဘာညာတွေပါ )။ Bat man မှာ အိမ်တော်ထိန်း လူယုံ Alfred Pennyworth ၊ Bat Man ရဲ့ Technical supporter Lucius Fox နဲ့ သူ့ရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်း Rachel Dawes ရဲမင်းကြီး ဖြစ်လာမဲ့ James Gordon တို့က ပင်တိုင်တွေပါပဲ။ ဒီရုပ်ရှင်ကားမှာတော့ Director Christopher Nolan က စိတ်ကူးယဉ်ဇတ်ကောင် Bat Man ကို ယုတ္တိရှိအောင်အသက်သွင်းခဲ့သူပါ။ Michael Caine, Liam Neeson, Morgan Freeman တို့လိုသရုပ်ဆောင်ကြီးတွေပါဝင်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

(CM) Batman Begins (2005) DS4K 1080p BluRay

Movies, Recommended